Physical Address
304 North Cardinal St.
Dorchester Center, MA 02124
Physical Address
304 North Cardinal St.
Dorchester Center, MA 02124
Mini MBA ဆိုတာ အလွယ်ပြောရရင်တော့ Fast-track version of the MBA လို့ပြောကြပါတယ်။ တနှစ် နှစ်နှစ် သင်ယူလေ့လာရမဲ့ပညာတွေကို ပျမ်းမျှ အချိန် နာရီ ၄၀၊ ၅၀၊ ၆၀၊ လောက်နဲ့ အနှစ်ချုပ်ပြီး သင်ယူလေ့လာရတာကို ခေါ်ပါတယ်။
အချိန်အားဖြင့် နည်းတယ်တဲ့အတွက် မဟာဘွဲ့အရည်အသွေးလောက်တော့ ရရှိမှာ မဟုတ်ပါဘူး။ Mini MBA ဆိုတာလဲ ပုံမှန် MBA လိုဘဲ Management, Accounting, Finance, Marketing, Entrepreneurship အစရှိတဲ့ ဘာသာရပ်တွေကို သင်ယူရမှာဘဲဖြစ်ပါတယ်။ Mini MBA ကတော့ ကျောင်းသားတွေကို အခြေခံကျတဲ့ foundation level ကို နားလည်အောင်သင်ကြားပေးယုံသာမက အနာဂတ်အတွက် ပိုမိုလေ့လာနိုင်အောင်လဲ အခြေခံဘဲ ဖြစ်ပါတယ်။
Mini MBA ကို ပထမဆုံး သင်ကြားတဲ့ ကျောင်းကတော့ ကနေဒါနိုင်ငံ McGill University ဖြစ်ပြီး ၁၉၄၉ ခုနှစ်မှာ စတင်သင်ကြားခဲ့ပါသည်။ သူ့ပုံစံကို ယူပြီး ကမ္ဘာနိုင်ငံ အနှံအပြားက ကျောင်းတွေ သင်ကြားလာခဲ့တာဘဲဖြစ်ပါတယ်။ US နှင့် UK မှာတော့ အများဆုံးဖြစ်ပါတယ်။
Mini MBA တက်ရင်တော့ အချိန်ကာလ နည်းနည်းလေးမှာ စီးပွားရေးနှင့်စီမံခန့်ခွဲမှုဘာသာရပ်တော်တော်များကို ခြုံငုံလေ့လာမိမှာဖြစ်ပါတယ်။ မြန်ာမနိုင်ငံမှာ သင်တန်းတွေကြေးတွေကတော့ သက်ဆိုင်ရာကျောင်းတွေအလိုက် သင်တန်းကြေး ၄ သိန်း ၅ သိန်း ၆ သိန်း အစားစားရှိပါတယ်။ အထူးသတိထားရမှာကတော့ Mini MBA ကို ဘွဲ့တခုအနေနဲ့ မသတ်မှတ်ထားပါဘူး လက်မှတ်လေးတခုပါဘဲ။ Mini MBA တတ်ထားလိုရှိရင်လဲ ပုံမှန် MBA ဘွဲ့ရတယောက်လိုတော့ ပညာရေးဆိုင်ရာ အကျိုးအမြတ်၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် လစာတို့အတွက် အာမ မခံနိုင်ပါဘူး။
MBA ဆိုတာ မဟာဘွဲ့ပါ Master of Business Administration မြန်မာလို စီးပွားရေးစီမံခန့်ခွဲမှုပညာမဟာဘွဲ့ပါ။ ဘယ်မှာဘဲ တတ်တတ်ပါ နိုင်ငံခြားမှာဘဲဖြစ်ဖြစ် ပြည်တွင်းမှာဘဲဖြစ်ဖြစ် မဟာဘွဲ့ရဖို့ အချိန်၊ ငွေ၊ ပင်ပန်းမှုတွေ ပေါင်းစပ်မှ ရရှိနိုင်တာပါ။ လွယ်လွယ်ကူကူနဲ့တော့ မရရှိနိုင်ပါဘူး။ MBA ဆိုတာ မဟာဘွဲ့ပါ။ Mini MBA ဆိုတာ MBA ကို အနှစ်ချုပ်ထားတဲ့ လက်မှတ်ရသင်တန်းပါ။ အခုတလော တွေ့နေရတာက Professional MBA Award တဲ့ တခါမှလဲ မကြားဖူးပါဘူး၊ MBA ဆိုတာ မဟာဘွဲ့ပါနော်၊ ဆု မဟုတ်ပါဘူး။
အားလုံးဘဲ စစ်မှန်တဲ့ ပညာရေးကို အမှန်တကယ်ရရှိပြီး စစ်မှန်ပြီး အရည်အသွေးပြည့်ဝတဲ့ ဘွဲ့များဖြင့် မိမိ၏ အရည်အချင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းများဖြင့် အောင်မြင်သော ဘဝများ တည်ဆောက်နိုင်ပါစေ။
Ye Lwin Hein @ Edu Ye
BBA, MBA, MBF, PhD (Candidate)
Educational Information by Ko Ye