Physical Address
304 North Cardinal St.
Dorchester Center, MA 02124
Physical Address
304 North Cardinal St.
Dorchester Center, MA 02124
ပညာရေးဆိုင်ရာ ဘွဲ့လွန်အဆင့်သည် မဟာဘွဲ့ဖြစ်ပါသည်။ မြန်မာလို့ မဟာဘွဲ့ အင်္ဂလိပ်လို့ မာစတာဘွဲ့ သည် လက်တင်ဘာသာစကား magister မှ ဆင်းသက်လာပြီး magister artium အတိုကောက် M.A. လို့ခေါ်ကြပါတယ်။
ကမ္ဘာပေါ်မှာ ပထမဆုံး မဟာဘွဲ့ကို အလယ်ခေတ်ဥရောပမှာ ၁၂၀၀ ခုနှစ် ဝန်းကျင်မှာ ပေးအပ်ခဲ့တယ်လို့ မှတ်တမ်းများရှိခဲ့ပါတယ်။ Master of Arts မဟာဝိဇ္ဇာဘွဲ့ဟာ အဲ့ဒီခေတ်ထဲကစလို့ teaching license or Licentia docendi ဆိုပြီး စာသင်ကြားခြင်းဖြင့်အသက်မွေးနိုင်တဲ့ လိုင်စင်လို့ခေါ်ခဲ့ကြပါတယ်။ ၁၂၃၁ ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီးရဲ့ အထောက်အပံ့ဖြင့် ပဲရစ်တက္ကသိုလ်က စာသင်ကြားခြင်းဖြင့်အသက်မွေးနိုင်တဲ့ လိုင်စင်ကို အပ်နှင်းခွင့်ရခဲ့ပါတယ်။ အကျိုးဆက်အနေဖြင့် တက္ကသိုလ်များဟာ ချက်ဘုရားကျောင်းများဆီမှ လွတ်မြောက်ခွင့်ရခဲ့သည်။ အမေရိကားမှာတော့ မဟာဘွဲ့များကို ၁၈၇၀ ခုနှစ်က စတင်ခဲ့ပါတယ်။
မဟာဘွဲ့ အမျိုးအစား ၃ မျိုးရှိပါတယ်။
၁။ သင်ကြားရေးအထူးပြုတဲ့ မဟာဘွဲ့ Taught Master
ပထမအမျိုးအစားဖြစ်သည့် မဟာဘွဲ့သည် အားလုံးသိပြီးသားဖြစ်တဲ့ Master of Arts (MA), Master of Science (MSc), Master of Business Administration (MBA), Master of Computer Science (MCSc) လို့ခေါ်တဲ့ မဟာဘွဲ့များဘဲဖြစ်ပါတယ်။ Taught Master ဆိုတာက သီအိုရီနှင့် သုတေသနကို အခြေခံတဲ့ Academic degree တခုပါ။ မဟာဘွဲ့ ရရှိရန် မိမိအထူးပြုဘာသာရပ်အလိုက် Course work သက်ဆိုင်ရာဘာသာရပ်များ အနည်းဆုံး ၈ ဘာသာမှ အများဆုံး ၁၈ ဘာသာထိ လေ့လာသင်ရပါမည်။ တက္ကသိုလ်အလိုက်သော်လည်းကောင်း နိုင်ငံအလိုက်သော်လည်း ကွဲပြားနိုင်ပါသည်။ Course Work ပြီးမြောက်သွားပါက မဟာဘွဲ့အတွက် လိုအပ်သော သုတေသနကျမ်းကို ရေးသားပြုစုတင်သွင်းရပါသည်။ တချို့တက္ကသိုလ်များသည် သုတေသနကျမ်းတင်သွင်းစရာမလိုသည့် ပုံစံများလဲရှိပါသည်။ မဟာဘွဲ့များသည် အချိန်အားဖြင့် ၁ နှစ်မှ ၃ နှစ်ထိ မိမိလေ့လာသော ဘာသာရပ်ပေါ်မူတည်၍ ကွဲပြားပါသည်။
မြန်မာနိုင်ငံမှာ Taught Master ကို Academic Master နှင့် Professional Master ဆိုပြီး ပုံစံ ၂ မျိုးတွေ့နိုင်ပါတယ်။ ဥပမာ အနေဖြင့် စီးပွားရေးတက္ကသိုလ်များမှာ Academic Master အနေဖြင့် Master of Commerce (MCom), Master of Economics (MEcon), Master of Population Studies (MPS) အစရှိသည်တို့ကို သင်ကြားနေပါသည်။ Professional Master အနေဖြင့် Master of Business Administration (MBA), Master of Public Administration (MPA), Master of Banking and Finance (MBF) အစရှိသည်တို့ကို သင်ကြားနေပါသည်။
၂။ သုတေသန အထူးပြုတဲ့ မဟာဘွဲ့ Research Master
ဒုတိယအမျိုးအစားကတော့ သုတေသန အထူးပြုတဲ့ မဟာဘွဲ့ပါ။ Taught Master လို course work အထူးပြုဘာသာရပ်များ သင်ကြားစရာမလိုဘဲ သုတေသနကိုသာ အထူးပြုပြီး မိမိအထူးပြုလေ့လာလိုသော နယ်ပယ်ကို Taught Master ထက် ပိုသာသော သုတေသနများကိုသာ သုတေသနကျမ်းကို ရေးသားပြုစုတင်သွင်းရပါသည်။ ပါရဂူဘွဲ့တက်ရောက်ရန်အတွက် သုတေသနအခြေခံများရရှိရန်ဖြစ်သည်။ အချိန်အားဖြင့် ၁ နှစ်မှ ၃ နှစ်ထိ နှင့် သုတေသနကျမ်းစာလုံးအရေအတွက်မှာ အနည်းဆုံး ၂ သောင်းမှ အများဆုံး ၇ သောင်းထိ မိမိလေ့လာသော မဟာဘွဲ့အမျိုးအစားပေါ်မူတည်၍ ကွဲပြားပါသည်။ ဘွဲ့များမှာလဲ MSc, MA By Research ဆိုပြီး MSc, MA များ ပေးအပ်နေသလို Master of Research (MRes), Master of Philosophy (MPhil) နှင့် Master of Letters (MLitt) ဆိုပြီး ပေးအပ်လေ့လရှိပါသည်။ အဆိုပါဘွဲ့များသည် တက္ကသိုလ်အလိုက်သော်လည်းကောင်း နိုင်ငံအလိုက်သော်လည်း ကွဲပြားနိုင်ပါသည်။
မြန်မာနိုင်ငံမှာတော့ ယခင်က ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွေ၊ စီးပွားရေးတက္ကသိုလ်တွေမှာ Taught Master ဘွဲ့များမှာ ထူးချွန်စွာ အောင်မြင်သူများကို Master of Research (MRes) တနှစ်သင်တန်းကို ဆက်လက်တက်ရောက်ခွင့်ပြုခဲ့ပါသည်။ MRes ဘွဲ့ရရှိထားသူများသည် ပါရဂူဘွဲ့ ဝင်ခွင့်လျှောက်ထားရာတွင် ရေးဖြေစာမေးပွဲ ဖြေဆိုစရာမလိုဘဲ လူတွေ့စစ်ဆေးခြင်းကိုတာ လုပ်ဆောင်ရပါသည်။ ယခုနောက်ပိုင်းတွင် MRes ဘွဲ့ကို ဆက်လက်ဖွင့်လှစ်ခြင်းမရှိတော့တာကို တွေ့ရပါတယ်။
၃။ ဂုဏ်ပြုချီးမြင့်ခြင်းဆိုင်ရာ မဟာဘွဲ့ (Honorary Master)
ဂုဏ်ထူးဆောင်မဟာဘွဲ့များသည် Taught Master, Research Master ကဲ့သို့ သင်တန်းများတက်ရောက်ခြင်း၊ သုတေသနကျမ်းတင်သွင်း၍ ရရှိနိုင်သော ဘွဲ့များမဟုတ်ဘဲ သက်ဆိုင်ရာ တက္ကသိုလ်များက ပေးအပ်ချီးမြှင့်ခံရမည့်သူ၏ လုပ်ဆောင်ချက်များကို ချီးမြောက်ဂုဏ်ပြုသောအားဖြင့် ဆုသဘော ပေးအပ်သော ဘွဲ့ဖြစ်ပါသည်။ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့များသည် သက်ဆိုင်ရာတက္ကသိုလ်များ၏ အခွင့်အာဏာအရ ပေးအပ်သောဘွဲ့များဖြစ်သည့်အားလျှော်စွာ ပေးအပ်ချီးမြှင့်ခံရမည့်သူများကို တက္ကသိုလ်၏ သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပေးအပ်ခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံမှာတော့ အမျိုးသားယဥ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များမှာ ဂုဏ်ထူးဆောင်မဟာဘွဲ့များ (MA) ဘွဲ့များကို အနုပညာတွင် ထူးချွန်သူပညာရှင်များကို ပေးအပ်လေ့ရှိပါသည်။
ကျင့်ဝတ်နှင့်အညီ စေတနာများစွာဖြင့်
Ye Lwin Hein @ Edu Ye
BBA, MBA, MBF, PhD (Candidate)
Educational Information by Ko Ye