Physical Address
304 North Cardinal St.
Dorchester Center, MA 02124
Physical Address
304 North Cardinal St.
Dorchester Center, MA 02124
Diploma ခေါ် ဒီပလိုမာများသည် လူငယ်များအကြား ရေပန်းစားပြီး အများစု တက်ရောက်ကြတဲ့ သင်တန်းတခုပါ။ Diploma ဆိုတာ လေ့လာသင်ယူနေတဲ့ဘာသာရပ်တခုပြီးမြောက်သွားပါ တက္ကသိုလ် သို့မဟုတ် ပညာရေးအဖွဲ့အစည်းတခုခုက ချီးမြင့်တဲ့ အသိအမှတ်ပြုလက်မှတ်တခုပါ။
Diploma ဆိုတဲ့ စကားလုံးဟာ လက်တင်ဘာသာမှ ဆင်းသက်လာပြီး “Double Folder Paper” လို အဓိပ္ပာယ်ရပါတယ်။ ဒီပလိုမာကို စတင်ပေးအပ်ခဲ့တဲ့ တက္ကသိုလ်က အမေရိကန်နိုင်ငံ ဟားဗက်တက္ကသိုလ်ကဖြစ်ပြီး ၁၈၁၃ ခုနှစ်ကထဲက စတင်ခဲ့တယ်လို့ မှတ်တမ်းများရှိခဲ့ပါသည်။ Diploma ကို တခြားစကားလုံး အနေဖြင့် “Testamur” လိုခေါ်ဝေါ်ကြသလို လက်တင်ဘာသာအရင် “testified” လို အဓိပ္ပာယ်ရပါသည်။ ဟိုအရင်ခေတ်က ဒီပလိုမာလက်မှတ်များကို သိုးသရေဖြင့်ပြုလုပ်ပြီး အလိမ်ပုံစံပြုလုပ်ခါ ဖဲကြိုးလိုချည်ပြီး ပေးအပ်လေ့ရှိခဲ့ပါတယ်။
Diploma တွေ အမျိုးအစားခွဲကြည့်ရင် ၃ မျိုးရှိပါသည်။
၁။ High School Diploma
High School Diploma ဆိုတာ High school ပြီးမြောက်ခြင်း အောင်လက်မှတ်တခုပါ။
တက္ကသိုလ်မတက်ရောက်ခင် အကြိုပြင်ဆင်ပေးတဲ့ အထက်တန်းအဆင့်ပါ။ အဓိက အမေရိကန်နှင့် ကနေဒါနိုင်ငံများမှာ တွေ့ရလေ့ရှိပါတယ်။ မြန်မာနိုင်ငံအစိုးရပညာရေးမှာတော့ High School Diploma ပုံစံမရှိပင်မဲ့ မြန်မာနိုင်ငံ International School တချို့မှာ International Baccalaureate IB Diploma သင်ရိုးတွေကို ဖွင့်လှစ်နေတဲ့ နိုင်ငံတကာကျောင်းတွေလဲ ရှိပါတယ်။
၂။ Academic Diploma
Academic Diploma ဆိုတာကတော့ တက္ကသိုလ် ကောလိပ် သို့မဟုတ် ပညာရေးအဖွဲ့အစည်းတခုခုက ပညာရေးသတ်မှတ်ချက်များအတိုင်း ဖွင့်လှစ်သင်ကြားပေးတဲ့ ဒီပလိုမာသင်တန်းများဖြစ်ပါတယ်။ ထိုဒီပလိုမာများသည် Academic အနေဖြင့် ဖွင့်လှစ်ပေးတာဖြစ်တဲ့အတွက် အချိန်အားဖြင့် အနည်းဆုံး 1 နှစ်မှ ၂ နှစ်ထိ ကြာမြင့်တက်ပါတယ်။ ဘာသာရပ်အားဖြင့် အနည်းဆုံး ၄ ဘာသာမှ ၁၅ ဘာသာထိသင်ယူရပါတယ်။ Academic Pathways အတိုင်း Diploma မှ Bachelor or Master တက်ရောက်နိုင်ပြီး ဘာသာရပ်များတွင် Credit unit များပါဝင်ပါသည်။
Academic Diploma များမှာလဲ ပုံစံ ၃ မျိုးရှိပါတယ်။
မြန်မာနိုင်ငံမှာတော့ အစိုးရတက္ကသိုလ်အားလုံးမှာဖွင့်လှစ်နေတဲ့ Diploma တွေဟာ Academic Diploma ဖြစ်ကြပါတယ်။ အပြင်ပုဂ္ဂလိကသင်တန်းကျောင်းတွေမှာတော့ ABE Qualification, ACCA, LCCI, OTHM အစရှိတဲ့ academic pathways အတိုင်းသွားလို့ရတဲ့ ဒီပလိုမာတန်းတွေ ဖွင့်လှစ်နေကြပါတယ်။
၃။ Vocational Diploma
Vocational Diploma ဆိုတာက လုပ်ငန်းခွင်တွင် ပညာရပ်များကို ပြန်လည်အသုံးချနိုင်ရန် ရည်ရွယ်သော Diploma ဖြစ်ပါသည်။ အများအားဖြင့် ဘာသာရပ်တခုထဲကို လေ့လာရပြီး အချိန်ကာလအားဖြင့် ကာလတိုဖြစ်ပါသည်။ Vocational Diploma ဖြစ်သည့်အတွက် academic pathways ပုံစံမဟုတ်ဘဲ မိမိစိတ်စားမှုအလိုက် ဘာသာရပ်များကို ရွေးချယ်တက်ရောက်နိုင်ပါသည်။ Vocational Diploma ရရှိပြီးသူများသည် Bachelor or Master များ တတ်ရောက်ရန် Credit Transfer Exemption များ မရရှိနိုင်ပါ။
မြန်မာနိုင်ငံ အစိုးရတက္ကသိုလ်များမှ Vocational Diploma များ ဖွင့်လှစ်ခြင်းမရှိပါ။ ပြင်ပပုဂ္ဂလိကသင်တန်းကျောင်းတွေမှာ မလေးရှား ETVA & Lincoln, ယူကေ ABE Endorsed, ICM, IQM အစရှိသည်ဖြင့် Diploma များစွာဖွင့်လှစ်နေကြပါသည်။ Diploma နာမည်များကိုလဲ Professional Diploma, Executive Diploma အစရှိသည့်ဖြင့် ခေါ်ဝေါ်ကြပါတယ်။ Vocational Diploma များသည် အချိန်ကာလတိုပြီး လုပ်ငန်းခွင် ပြန်လည်အသုံးချလို့ရအတွက် လူငယ်တွေအတွက် သင့်တော်တဲ့ Diploma တခုပါ။
Ye Lwin Hein @ Edu Ye
BBA, MBA, MBF, PhD (Candidate)
Educational Information by Ko Ye